Fresh Food Everyday

About Shwe Gin Ga

ရွှေဂင်္ဂါ ပင်လယ်စာထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်းဟာ ပင်မကုမ္ပဏီဖြစ်တဲ့ Golden Orient Co.Ltd ကနေ ဦးစီးလည်ပတ်ပေးနေတဲ့ ပင်လယ်စာထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ Golden Orient Co.Ltd ဟာဆိုရင် နိုင်ငံတကာအသိအမှတ်ပြု HACCP certificate ကိုရရှိထားပြီး ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေကို စံချိန်စံညွှန်းမီ အရည်အသွေးမြင့် ပင်လယ်စာများ တင်ပို့ရောင်းချလျက်ရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့ ၁၅ နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံတကာအဆင့်မီ အစားအသောက်အရည်အသွေးကို ထိထိရောက်ရောက် ထိန်းချူပ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်စာတွေကို ထုတ်လုပ်လျက်ရှိပါသည်။

အဲဒီလို ဖြန့်ဖြူးရောင်းချဖို့အတွက် လက်ရှိမှာလည်း Makro Myanmar ကဲ့သို့ Wholesale & Supply Chain Stores တွေနဲ့ လက်တွဲလုပ်ဆောင်နေပြီဖြစ်သလို အခြားသော လက်လီလက်ကားလုပ်ငန်းများ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ အစားအသောက်ဧည့်ခံကျွေးမွေးရေးဆိုင်ရာလုပ်ငန်းများနဲ့လည်း ချိတ်ဆက်ကာလက်တွဲသွားဖို့ ရည်ရွယ်ပါသည်။ ရွှေဂင်္ဂါ ပင်လယ်စာထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်းအနေနှင့် သန့်ရှင်းအရသာရှိတဲ့ ပင်လယ်စာတွေကို (ချက်ပြုတ်ရန်အဆင်သင့်) စားသုံးသူများထံသို့ အရောက်ပို့ဆောင်နိုင်ဖို့ ရည်ရွယ်ပါသည်။ Click တချက်နှိပ်လိုက်ရုံ၊ ဖုန်းတချက်ဆက်လိုက်ရုံနဲ့ လူကြီးမင်းတို့အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ ရွှေဂင်္ဂါ ပင်လယ်စာထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်းကနေ စီစဉ်ဆောင်ရွက်ထားပါသည်။

Our Blog

Recent News

...

ပင်လယ်စာလေး မှာစားကြည့်ဖို့ အကြံထုတ်နေတယ်ဆိုရင်တော့...

...

Customer တွေအမေးများဆုံး ရေဘဝဲ ပြန်ရပါပြီ

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များတွင် သား ငါး စားသောက်ကုန်များ လှည့်လည်ရောင်းချမည့် အစီအစဉ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်မှုအရ မြို့နေပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော ဈေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုသည့်အတွက် ကူးစက်ရောဂါပြန့်ပွါးမှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သားငါး စားသောက်ကုန်များအား မိမိတို့ရပ်ကွက်တွင်းတွင် ဝယ်ယူရရှိနိုင်စေရေး တို့ကို ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများမှ မြို့နယ်၊ ရပ်ကွက်များအရောက် လှည့်လည်ဈေးရောင်းခြင်း အစီအစဉ်တွင် ရွှေဂင်္ဂါမှလည်း သက်သာသော နှုန်းထားများဖြင့် ပါဝင်ရောင်းချ ပေးသွားပါသည်။

  • ကကတစ်
  • ငါးဖယ်ခြစ်
  • ငါးမြစ်ချင်းခြစ်
  • ငါးကြင်းခုတ်သား
  • ငါးတန်ခုတ်သား
  • ရွှေငါး
  • ငါးမြစ်ချင်းခုတ်သား
  • ပလာတူး
  • မျက်ကျယ်
  • ပုစွန်ဆတ်ထုပ်
  • ပုစွန်ထုပ်သေး
  • ဝသုံးလုံး ဂဏန်း
  • အေးခဲပန်းရောင်ပုစွန်
Collaboration

Grab Mart and Makro Myanmar

ရွှေဂင်္ဂါရဲ့ တာရှည်ခံပစ္စည်းတွေ လုံးဝမပါဝင်တဲ့ အေးခဲပင်လယ်စာတွေကို GrabMart ကနေ မှာယူကြရအောင်... ရွှေဂင်္ဂါ ပင်လယ်စာထုတ်လုပ်ဖြန့်ချိရေး ဟာဆိုရင် နိုင်ငံတကာအသိအမှတ်ပြု HACCP Certificate ကို ရရှိထားတဲ့အပြင် IQF Freezer စံချိန်စံညွှန်းမီ စက်များဖြင့် အရည်အသွေးမြင့် ပင်လယ်စာများကို ထုတ်လုပ်ထားတာမို့ ဝယ်ယူစားဖူးသူတိုင်းလည်း အစဉ်အမြဲ စိတ်ကျေနပ်မှုအပြည့် ရရှိလေ့ရှိကြပါတယ်... GrabMart ကနေ ချက်ချင်းမှာ ချက်ချင်းလာပို့ပေးမှာမို့ ခုပဲ မှာယူနိုင်ပါသည်။

Makro Myanmar တွင် ရွှေဂင်္ဂါမှ ထုတ်လုပ်သည့် ပင်လယ်စာအမျိုးမျိုးကို ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျာ ဂျပန်၊ ကိုရီးယားနှင့် ထိုင်း စတဲ့နိုင်ငံတွေကို တင်ပို့တဲ့ အရည်အသွေးအတိုင်း ထုတ်လုပ်ထားသော ပင်လယ်စာများကို ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါတယ်။

Export

Our Products

   Blog

Our Latest Activities

Testinomials

Reviews from Customers

...